ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် လေးပွဲဆက်ရှုံးနိမ့်သည့် ပထမဆုံးနည်းပြအဖြစ် နည်းပြလမ်းပတ်မှတ်တမ်းဝင်

ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် ပွဲဦးထွက် လေးပွဲဆက်ရှုံးနိမ့်သည့် ပထမဆုံးနည်းပြအဖြစ် နည်းပြလမ်းပတ်မှတ်တမ်းဝင်

လန်ဒန်၊ ဘောလုံး

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ဒုတိယ အကျော့ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် ၂ ဂိုး - ဂိုး မရှိဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင် နည်းပြလမ်းပတ်သည် ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက်   ပွဲဦး ထွက်လေးပွဲဆက်ရှုံးနိမ့်သည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းက ရလဒ်များမတည်မငြိမ်ဖြစ် နေသည့်အတွက် နည်းပြဂရေဟမ်ပေါ်တာကို ရာထူးမှ ထုတ်ပယ်ပြီးနောက်  ယခု ဘောလုံးရာသီကုန်အထိ နည်းပြလမ်းပတ်ကို  ယာယီနည်းပြအဖြစ်  တာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နည်းပြလမ်းပတ်သည်   ချယ်လ်ဆီးအသင်းကို ပထမတစ်ကြိမ်တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ပြီး ရလဒ် ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့်အတွက် ထုတ်ပယ်ခံခဲ့ ရပြီးနောက် ယခုအခါ ဒုတိယအကြိမ်အဖြစ် တာဝန်ယူ ကိုင်တွယ်နေခြင်းဖြစ်သည်။

နည်းပြလမ်းပတ်သည် ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ် တာဝန်ယူကိုင်တွယ်ရာတွင်  ပထမ ဆုံးပွဲစဉ်အဖြစ် ဝုဗ်အသင်းနှင့် ပွဲစဉ်ကို ၁ ဂိုး- ဂိုးမရှိ၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပထမအကျော့ပွဲစဉ် တွင် ၂ ဂိုး - ဂိုးမရှိ၊ ဘရိုက်တန်အသင်းနှင့်ပွဲစဉ်တွင်  ၂ ဂိုး- ၁ ဂိုး၊ ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဒုတိယ အကျော့ပွဲစဉ်တွင် ၂ ဂိုး - ဂိုးမရှိဖြင့်  ရှုံးနိမ့်ပြီး နောက်ဆုံးခြောက်ပွဲတွင်လည်း သွင်းဂိုး တစ်ဂိုးသာရရှိ ခဲ့သည်။

ချယ်လ်ဆီးအသင်း၏ နည်းပြအဆက်ဆက်တွင် ပွဲဦးထွက်လေးပွဲဆက်ရှုံးနိမ့်သည့်  နည်းပြမရှိခဲ့ဘဲ ယခုအခါမှသာ   နည်းပြလမ်းပတ် က ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                        

Ref;Opta.com