အေစီမီလန်အသင်းက ဝါရင့်တိုက်စစ်မှူးအိုလီဗီယာဂီးရော့ဒ်ကို ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း အတည်ပြုကြေညာ

အေစီမီလန်အသင်းက ဝါရင့်တိုက်စစ်မှူးအိုလီဗီယာဂီးရော့ဒ်ကို ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း အတည်ပြုကြေညာ

မီလန်၊ ဘောလုံး

အေစီမီလန်အသင်းက အသင်းမှ ဝါရင့်တိုက်စစ်မှူး တစ်ဦးဖြစ်သည့် အိုလီဗီယာဂီးရော့ဒ်ကို ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

အသက် ၃၆ နှစ်အရွယ် အိုလီဗီယာဂီးရော့ဒ်သည် ၂၀၂၁  ခုနှစ်က ချယ်လ်ဆီးအသင်းမှ  အေစီမီလန် အသင်းသို့  အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး လက်ရှိ အသင်းနှင့်စာချုပ်သက်တမ်း မှာ ဇွန်လအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် နောက်ထပ် တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

အိုလီဗီယာဂီးရော့ဒ်သည် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက အေစီမီလန်အသင်း စီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ရာတွင် အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်နိုင်သကဲ့သို့ ယခု ဘောလုံးရာသီတွင်လည်း အေစီမီလန်အသင်း ချန်ပီယံ လိဂ်ပြိုင်ပွဲ တွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက် ရာ၌ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူဖြစ် သည်။

အိုလီဗီယာဂီးရော့ဒ်သည် ယခုဘောလုံးရာသီတွင် အေစီမီလန်အသင်းနှင့်အတူ စီးရီးအေပြိုင်ပွဲတွင် ၂၆ ပွဲအထိ ပါဝင်ကစားခွင့်ရရှိပြီး ၂၆ ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ထားကြောင်း သိရသည်။                     

Ref;Footballitalia