အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ အခြေခံအင်္ဂလိပ် သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းများဖွင့်လှစ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ အခြေခံအင်္ဂလိပ် သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၁

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများ တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာ ထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတ ရစေပြီး အသိပညာ၊ အတတ်ပညာတိုးပွားစေရန် ရည်ရွယ်၍  အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ၊ အားကစားခန်းမ၌ ဖွင့်လှစ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန် ရှိသူများ၊  အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင် တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် အထောက်အကူပြုပစ္စည်းများ ပေးအပ်ပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌လည်း အဆိုပါသင်တန်းများကို ယနေ့တွင် ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် သင်တန်းများတွင် သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၄၇၂၂ ဦးဖြင့်  သင်တန်းကာလ   ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။