နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊တပ်ရင်း/တပ်ဖွဲ့ များ၌ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု

နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊တပ်ရင်း/တပ်ဖွဲ့ များ၌ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီသင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု

နေပြည်တော်၊ ဧပြီ - ၂၁

နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ ကျောင်းသား၊ ကျောင်းသူ လူငယ်၊ မောင်မယ်များ အနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ၊ ဗလ(၅)တန်နှင့်ပြည့်စုံပြီး လူတော်၊ လူကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ် စာအခြေခံသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများကို ဧပြီ ၁၈ ရက်နေ့မှစတင်၍  တပ်နယ်အသီးသီးများတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

        ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်အဖွဲ့ဝင်များက ပုဗ္ဗသီရိတပ်နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းနှင့် ဇေယျာသီရိတပ်နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင်     ဖွင့်လှစ်ထားရှိသည့် ကွန်ပျူတာအခြေခံသင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေး ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး သည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးတွင် ယဉ်ကျေးလိမ္မာသင်တန်း သင်တန်းသား၊ သင်တန်းသူ ၂၁၆၈ ဦး၊ အင်္ဂလိပ်စာအခြေခံ သင်တန်း သင်တန်းသား၊ သင်တန်းသူ ၁၇၅၀ ဦးနှင့် ကွန်ပျူတာအခြေခံသင်တန်း သင်တန်းသား၊ သင်တန်းသူ ၆၉၁ ဦးတို့ကို ဧပြီလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။