ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၂၁

        ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၀ ရက်နှင့် ယနေ့တို့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အမှတ်(၃)စိုက်ပျိုးမွေးမြူစခန်း(တညင်းကုန်း)၌ အဆင့်မြင့်အသားတိုး ဝက်နှင့် အဆင့်မြင့်မျိုးဝက်မများ မွေးမြူထားရှိမှု၊ ငါးမွေးမြူရေကန်များ၌ ငါးတန်၊ ငါးမုတ်၊ မြက်စားငါးကြင်းများ မွေးမြူထားရှိမှု၊ ကာကီကင် ဉစားဘဲများ မွေးမြူထားရှိမှု၊ ခေတ်မီ ဉစားကြက်များ မွေးမြူထားရှိမှု၊ အမှတ်(၁)စိုက်ပျိုး/မွေးမြူရေးစခန်း(စော်ဘွား ကြီးကုန်း) ၌ နိုဗိုဂျင်ဘရောင်း မိဘမျိုးဉစားကြက်များ မွေးမြူထားရှိမှု၊ ဉဖောက်စက်များ လည်ပတ်နေမှု၊ အစာစပ်စက်ရုံလည်ပတ်နေမှု၊ ခေတ်မီ ဉစားကြက်များ မွေးမြူထားရှိမှု၊ တစ်ရှူးငှက်ပျောပင်များ စိုက်ပျိုးထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု နှင့် တွံတေးမြို့နယ်ရှိ ရွှေမုယင်းမွေးမြူရေးစခန်း၌ ငါးတန်၊ ငါးမုတ်၊ မြက်စားငါးကြင်းများ မွေးမြူထားရှိမှု၊ ငါးကန်တူးဖော်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။