ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သောက်သုံးရေများဖြန့်ဝေလှူဒါန်း

ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သောက်သုံးရေများဖြန့်ဝေလှူဒါန်း

 နေပြည်တော်၊ ဧပြီ - ၂၁

          ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှု ကြုံတွေ့ နေရသည့် မှော်စက်ရပ်ကွက်ရှိ အိမ်ထောင်စု ၂၄၆၁ စု၊ ကမာကဆစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၂၉၇၇ စုနှင့် ဗညားဒလရပ်ကွက်၊ နန်းဦးပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်တော်မူသော သံဃာတော် ၁၅၀ ပါးတို့အတွက် သောက်သုံးရေ အဆင်ပြေစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် ဒလတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ ရေသယ်ရေယာဉ် ၁၀ စီးဖြင့် သောက်သုံးရေစုစုပေါင်း(၃၇၅၀၀)ဂါလံအား သွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

        ထို့သို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် ဒလ တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး နန်းဦးပရိယတ္တိစာသင် တိုက်သို့ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။