အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်ကို နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဝန်းရံကာ လက်ဆင့်ကမ်း သယ်ဆောင်

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင်ကို နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဝန်းရံကာ လက်ဆင့်ကမ်း သယ်ဆောင်

ရန်ကုန်၊ အားကစား

ကမ္ဘောဒီးယားနိုင်ငံ၌ မေ ၅ ရက်မှ ၁၇ ရက်အထိကျင်းပမည့် (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)နှင့် ဇွန် ၃ ရက်မှ ၉ ရက်အထိကျင်းပမည့် (၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအထိမ်းအမှတ် မီးရှူးတိုင် သယ်ဆောင် ခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်၌ ပြုလုပ်ရာ နိုင်ငံ့ဂုဏ်ဆောင်  အားကစားသမားများ အပါအဝင် အင်အား ၁၈၀၀ ခန့် ဝန်းရံကာ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHUM Angvichet၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Professor Dr.Than Than Htay၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကျင်းပရေး ဦးစီးကော်မတီကိုယ်စားလှယ်တော် H.E.Mr. Hor Sarun တို့က ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြား ကြသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ကိုယ်စားလှယ်တော်က မီးရှူးတိုင်ကို မီးထွန်းညှိ၍ မြန်မာနိုင်ငံမှ ဘောလုံးအားကစားသမား ၅၀ ဦးခြံရံ၍ စတင်သယ်ဆောင်ကာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးထံသို့ လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးက တိုက်ကွမ်ဒိုအားကစားသမား ၇၅ ဦးဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) မှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးဖြင့်လည်းကောင်း သယ်ဆောင်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက သေနတ်ပစ်အားကစားသမား ၁၆ ဦး၊ လှေလှော် အားကစားသမား ၅၀ ဦးတို့ဖြင့်လည်းကောင်း၊ မသန်စွမ်းအားကစားသမားတစ်ဦးက ခရစ်ကတ်အားကစားသမား ၃၀ ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ မသန်စွမ်းအားကစားသမား ၃၀ ဦးတို့ဖြင့် လည်းကောင်း၊ လှေလှော်အားကစားသမားတစ်ဦးက ဘောလုံးအားကစားသမား ၅၀ ဦးဖြင့်လည်းကောင်း တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ  ကမ္ဘောဒီးယားနိုင်ငံသံရုံးရှေ့မှ  တက္ကသိုလ်ရိပ်သာလမ်းသစ်တစ်လျှောက်၊ ယင်းမှ တက္ကသိုလ်ရိပ်သာလမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းဆုံအရောက် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပြီး   အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့  လွှဲပြောင်းပေးအပ်သည်။  ထို့နောက် ညွှန်ကြားရေးမှူးချုပ်က မီးရှူးတိုင်ကို ကမ္ဘောဒီးယားနိုင်ငံ  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကျင်းပရေးဦးစီးကော်မတီ ကိုယ်စားလှယ်တော်ထံသို့ လက်ဆင့်ကမ်း ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။            

ဝန်းရံခ