ရန်ကုန်မြို့၌ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက် ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်း ဖွင့်ပွဲပြုလုပ်

ရန်ကုန်မြို့၌ ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက် ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်း ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကတ္တရာကွန်ကရိထပ်ပိုးလွှာခင်း၍ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလမ်း (ရွှေတိဂုံဘုရား လမ်းမှ သိမ်ဖြူလမ်းထိ) အရှည် ၅၅၀၀ ပေ၊ အကျယ် ၆၀ ပေလမ်းနှင့် အနော်ရထာ လမ်း(သိမ်ဖြူလမ်းမှ ရွှေတိဂုံဘုရားလမ်းထိ) အရှည် ၅၅၀၀ ပေ၊ အကျယ် ၆၀ ပေ လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ လမ်းများ၌ ပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းများအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါလမ်းများအား လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာ လမ်းနှင့် တံတား၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သော မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိလမ်းများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်များအလိုက် လျာထားတင်ပြ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း (အောက်ရတနာလမ်းမှ အောက်ပုဇွန်တောင်လမ်းအထိ) စုစုပေါင်း ပေအရှည် ၁၃၂၀၀ ပေ (၂ မိုင် ၄ ဖာလုံ)ကို ကတ္တရာကွန်ကရိ ထပ်ပိုးလွှာခင်း အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။