လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာ များအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ် ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်/ကျေးရွာ များအား လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်၊ စားသောက်ဖွယ် ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 နေပြည်တော်၊ ဧပြီ - ၂၂  

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း၌ ယနေ့နံနက် ၁ နာရီခန့်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အဆိုပါမြို့နယ်အတွင်းရှိ ရပ်ကွက် (၉) ရပ်ကွက်နှင့် ကျေးရွာ (၉၄) ရွာတို့မှ နေအိမ် ၆၃၈ လုံး၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ လျှပ်စစ်မီးတိုင် ၉ တိုင်၊ စေတီတော် ၂ ဆူ၊ ဌာနဆိုင်ရာရုံးအဆောက်အဦ ၂ လုံး၊ ဝန်ထမ်းအိမ်ရာ ၂ ခန်းနှင့် ရေစင်  ၁ ခု နှင့် နတ်မောက်မြို့နယ်အတွင်းရှိ မြို့ပေါ်မှ ရပ်ကွက်(၇)ခုနှင့် ကျေးရွာ ၂၀ ခုတို့မှ နေအိမ် ၂၉၆ လုံးတို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း ယနေ့နံနက် ၁ နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အောင်မြေသာစံမြို့နယ်၌ နေအိမ် ၄ လုံး၊ လျှပ်စစ်မီးတိုင် ၂၄ တိုင်၊ စာသင်ကျောင်း ၂ ကျောင်း၊ စေတီတော် ၂ ဆူ၊ မော်တော်ယာဉ် ၆ စီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကြီး ကျေးရွာ၌ နေအိမ် ၃ လုံး၊ ဆူးကားကျေးရွာ၌ နေအိမ် ၉ လုံး၊ ဥဒေါင်းကျေးရွာ၌ နေအိမ် ၁၆ လုံး၊ သပြေသာကျေးရွာ၌ စာသင်ကျောင်း ၁ ကျောင်း၊ ပေါက်ဝဲကျေးရွာ၌ နေအိမ် ၂၅ လုံး၊ ပုသိမ်ကြီးမြို့နယ်၊ သရက်တစ်ပင် ကျေးရွာ၌ လျှပ်စစ်မီးတိုင် ၆ တိုင်၊ စေတီ ၁ ဆူနှင့် သပိတ်ကျင်းမြို့နယ်၊ ပေါက် တစ်ပင်ကျေးရွာတို့၌ နေအိမ် ၇ လုံးတို့ အမိုးလန်၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ သည်။

        အဆိုပါ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများသို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတပ်နယ်နှင့် စလင်းတပ်နယ်တို့မှ နယ်မြေခံ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင် ရာဝန်ထမ်း များက သွားရောက်၍ အမိုးလန်ပြိုကျနေသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များ အား သန့်ရှင်း ရေးပြုလုပ်ပေးခြင်း၊ လျှပ်စစ်မီးတိုင်များအား ပြန်လည်ထူထောင် ပေးခြင်း၊ စေတီတော်များ မြေခနေမှုအား သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် လဲကျ နေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်း စသည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။

        ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက် လံကြည့်ရှုပြီး လေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက် ပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။