ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် မိသားစုဝင်များအား သွားနှင့်ခံတွင်းကုသပေးနေမှုကို ကြည့်ရှုအားပေး

နေပြည်တော်  ဧပြီ  ၂၂

ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် မိသားစုဝင်များအား သွားနှင့်ခံတွင်းကုသပေးနေမှုကို ကြည့်ရှုအားပေး

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမတွင်  ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ဖွဲ့ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်း(၂၆၀)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးဝန်ထမ်း(၂၈)ဦးတို့က သွားဖာခြင်း၊ သွားနုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းတို့အား အခမဲ့လာရောက်ကုသမှု ဆောင်ရွက်ပေးခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမတွင် သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်ကုသမှုခံယူနေသည့် တပ်ဖွဲ့ဝင်/ဝန်ထမ်း များနှင့် မိသားစုဝင်များအား ပြည်ထဲရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်  ဗိုလ်ချုပ်ဇင်မင်းထက်၊ အမြဲတမ်းအတွင်းဝန်  ဦးခိုင်ထွန်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ဆေးကုသရေး အဖွဲ့အား ဒုတိယဝန်ကြီးများက ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။       

(၁၀၀)