ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ နေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့သွား ရောက် မည့် လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ နေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့သွား ရောက် မည့် လူရည်ချွန်မောင်မယ်များအတွက် ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၃

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှနေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့သွားရောက် မည့် လူရည်ချွန်မောင်မယ်များအတွက်ဂုဏ်ပြုပွဲကို ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များ  ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမှာစကား အသီးသီးပြောကြားကြ သည်။ ထို့နောက် တိုင်းမှူးနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူ များက နေပြည်တော် လူရည်ချွန်စုရပ်စခန်းသို့ သွားရောက်ကြမည့် လူရည်ချွန် မောင်မယ် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးတို့အတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ရာ လူရည်ချွန်မောင်မယ်များကိုယ်စား ပြည်နယ်ပညာရေးမှူးနှင့် တာဝန် ရှိသူများက အသီးသီး လက်ခံရယူကြသည်။

၎င်းနောက် တိုင်းမှူးက တက်ရောက်လာကြသူများ၊ လူရည်ချွန်မောင်မယ် များနှင့်အတူ   စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။