တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ အင်ဂျင်နီယာသင်တန်းသားများ အလိုရှိသည်

၁။         လျှောက်ထားသူသည်-

            (က)     ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ် ၆ လထက်မကြီးရ။

            (ခ)       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။

            (ဂ)       အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက် မကျော်ရ။

            (ဃ)     မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

            (င)       တက္ကသိုလ်ဝင်စာမေးပွဲအား သိပ္ပံဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။         လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၂၅-၄-၂၀၂၃ ရက်နေ့မှစတင်၍ ၂၄-၆-၂၀၂၃ ရက်နေ့ထိ နောက်ဆုံးထားလျှောက်ထားနိုင်သည်။

၃။         လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမည်။

၄။         သတ်မှတ်ချက်နှင့်ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက္ကသိုလ်ဝင်စာမေးပွဲ သင်ရိုးညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

            (က)     အင်္ဂလိပ်စာ ။      နံနက် ၉ နာရီမှ ၁၁ နာရီထိ။

            (ခ)       သင်္ချာ         ။      နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။         ဖြေဆိုမည့်သင်တန်းသားများသည် တိုင်းစစ်ဌာနချုပ်များသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း သတင်းပို့ရမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်များမှ ဇွန်လ ၂၉ ရက်နေ့အရောက် ကျောင်းသို့ပို့ဆောင်ပေးရမည် ဖြစ်သည်။

၆။         အရည်အချင်းစစ်စာမေးပွဲကို တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဖြေဆိုကြရ မည်ဖြစ်ပါသည်။

၇။         အရည်အချင်းစစ်စာမေးပွဲအောင်စာရင်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နေ့တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး အောင်မြင်သူ များသည် သင်တန်းတစ်ပါတည်းတက်ရောက်ရမည်ဖြစ်ပြီး မအောင်မြင်သူများအား တိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် သက်ဆိုင်ရာသို့ ပြန်လည်စေလွှတ်သွားမည်ဖြစ်သည်။

၈။         သင်တန်းကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈၀၀၀/- ၊ ဒုတိယနှစ် ကျပ် ၁၇၄၀၀၀/- ၊ တတိယနှစ် ကျပ် ၁၈၀၀၀၀/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ်လစာနှင့်စရိတ်များ ခံစားခွင့်ရှိသည်။

၉။         သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်းခံစားခွင့်ရှိသည်-

            (က)     ဘွဲ့လက်မှတ်အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ်ပေးအပ်မည်။

            (ခ)       တာဝန်ပေးအပ်ခြင်း။ တပ်မတော်(ကြည်း၊ ရေ၊ လေ)လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုခုနှင့် မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့တို့တွင် ပညာသည်အကြပ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်။

(ဂ)       အဆင့်တိုးမြှင့်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့အလိုက် ပညာသည်စစ်သည်များ အဆင့်အတန်း တိုးမြှင့်ရေးစည်းမျဉ်းနှင့်အညီ ဒုတိယအရာခံဗိုလ်နှင့် အရာခံဗိုလ်အဆင့်များသို့ ဆက်လက် တိုးမြှင့်ပေးရေးအတွက် ဆောင်ရွက်ပေးမည်။

(ဃ)     ပြန်တမ်းဝင်အရာရှိလျှောက်ထားခွင့်။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အချိန်နှင့် အကျုံးဝင်သည့်အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ  လျှောက်လွှာခေါ်ယူသည့်အခါလျှောက်ထားနိုင်သည်။

မှတ်ချက်။          အသေးစိတ်သိရှိလိုပါက မိမိတို့လျှောက်လွှာထုတ်ယူခဲ့သည့် တိုင်းစစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။