(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော် အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လှေလှော် အားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ စတင်ထွက်ခွာ

ရန်ကုန်   ဧပြီ   ၂၆

    ၂၀၂၃ ခုနှစ်  မေ  ၅ ရက်မှ  ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့်   (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လှေလှော် အားကစားအဖွဲ့သည် ပြိုင်ပွဲတွင်   အောင်မြင်မှုရရှိစေရန် အတွက် ပြိုင်ပွဲမတိုင်မီ  ကမ္ဘောဒီးယားနိုင်ငံ လက်ရွေးစင်အသင်းနှင့်  ပူးတွဲလေ့ကျင့်မှုပြုလုပ်နိုင်ရန် ယနေ့မွန်းလွဲ ၂ နာရီ ၁၂ မိနစ်တွင်  လေယာဉ်ဖြင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ မြန်မာ့လှေလှော် အားကစားအဖွဲ့ကို အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် တာဝန်ရှိသူတို့က  လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

 မြန်မာ့လှေလှော်အားကစား အဖွဲ့၌ အုပ်ချုပ်/နည်းပြငါးဦး၊ အမျိုးသား အားကစားသမား ၂၅ ဦး၊   အမျိုးသမီး အားကစားသမား ငါးဦး စုစုပေါင်း ၃၅ ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။