မြစ်ကြီးနားမြို့၊ ဆုထူးပန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့၊ ဆုထူးပန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဧပြီ - ၂၇

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆုထူးပန်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် များအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်း တွင် အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးကြသည်။

          တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က သံဃာတော် ၅၁ ပါးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးကာ ဆုထူးပန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ အမှူးပြုသော သံဃာတော် များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။