မန်ယူအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်း ကွင်းလယ်ကစားသမား အဲလက်စတာကို ခေါ်ယူရန် ဆွေးနွေးနေ

မန်ယူအသင်းက လာမည့်နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်း ကွင်းလယ်ကစားသမား အဲလက်စတာကို ခေါ်ယူရန် ဆွေးနွေးနေ

မန်ချက်စတာ၊ ဘောလုံး

မန်ယူအသင်းက လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဘရိုက်တန်အသင်းနှင့် ခြေစွမ်းပြနေသည့် ကွင်းလယ် ကစားသမား အဲလက်စတာကိုခေါ်ယူရန် ဆွေးနွေးမှုများ စတင်ပြုလုပ်နေကြောင်း သိရသည်။

မန်ယူအသင်းနည်းပြတန်ဟတ်က လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှ ကစားသမားအများစုကို ရောင်းချပြီး ကြီးကြီးမားမားအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေကာ ယခုအခါ အသင်းကွင်းလယ်ပိုင်းကို   ပိုမိုအင်အားတောင့်တင်း စေလိုသဖြင့်  အဲလက်စတာကို  ခေါ်ယူလိုခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ အဲလက်စတာသည် ယခုဘောလုံးရာသီတွင် ဘရိုက်တန်အသင်း ကွင်းလယ်ပိုင်းတွင် ပွဲစဉ်တိုင်း အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသကဲ့သို့ အာဂျင်တီးနားအသင်းနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ခြောက်ပွဲအထိ ပါဝင်ကစားခွင့်ရရှိပြီး ခြေစွမ်းပြခဲ့သည့်အတွက် မန်ယူအသင်းနည်းပြတန်ဟတ်က ခေါ်ယူလိုခြင်းဖြစ်သည်။

လက်ရှိတွင် ဘရိုက်တန်အသင်းနှင့် အဲလက်စတာ တို့ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ် သော်လည်း အဲလက်စတာကိုယ်တိုင်က အစောပိုင်းကတည်းက ယခုဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာလိုသည်ဟု  ပြောကြားထားကြောင်း သိရသည်။

Ref;Metro