အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (ဒသမ)အကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ (ဒသမ)အကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၈

       အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (ဒသမ)အကြိမ်မြောက် မဟာပဋ္ဌာန်း ကျမ်းမြတ်  ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲကို ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ မဟာသန္တရံသီ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း၌ ပြုလုပ်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ ဗဟာဗောဓိကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တက္ကုန္ဒာဝုဓ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

     ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗဟာဗောဓိကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော် မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  သံဃာတော်များအား လှူဖွယ်ပစ္စည်း၊ အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

      အဆိုပါ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်ထိ ရွက်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။