တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်း ဆင်းပွဲများ ပြုလုပ်

တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီ သင်တန်း ဆင်းပွဲများ ပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၈

    နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်များကို အကျိုးမဲ့ မဖြစ်စေဘဲ ကျန်းမာသန်စွမ်းပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သူများ ပေါ်ပေါက်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာကြစေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီသင်တန်းများကို တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်ရှိ ဗလမင်းထင်ခန်းမနှင့် တပ်နယ်အသီးသီး၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် မြန်မာ့သိုင်းသင်တန်း ဆင်းပွဲများကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အလုံတပ်မြို့ရှိ ကျောင်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ယဉ်ကျေးလိမ္မာ သင်တန်း၊ အင်္ဂလိပ်စကားပြောသင် တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်း ဆင်းပွဲများကို လည်းကောင်း ပြုလုပ်ကြရာ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးများက  သင်တန်းဆင်းအမှာ စကားများ အသီးသီး ပြောကြားကြ သည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ 

အဆိုပါ သင်တန်းများကို မတ် ၂၈ ရက်မှ ယနေ့အထိ ဖွင့်လှစ် သင်ကြားပေး ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။