သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည့် ဆရာတော်ကြီး ၅ ပါးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည့် ဆရာတော်ကြီး ပါးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၂၈

    ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဆရာတော်ကြီး ၅ ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ခန်းမဆောင်၌ ပြုလုပ်ရာ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် ဩဝါဒါစရိယ ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသ အမှူးပြုသော မြို့နယ်အသီးသီးမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်းခံရသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃမဟာနာယက  တွဲဖက်အကျိုးတော်ဆောင် မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဣန္ဒာစရိယ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ပဓာန နာယကဆရာတော်က သမ္မောဒနီယဩဝါဒကထာ မိန့်ကြားချီးမြှင့်တော်မူသည်။ ယင်းနောက် ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု လွှာများ၊ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး သံတွဲမြို့ မဟာဗောဓိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကလျာဏ ထံမှ အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြ၍ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။