ယခုနှစ်အတွင်း လူသုံးကုန်ပစ္စည်းဈေးနှုန်းများ သိသိသာသာကျဆင်းနိုင်ဟုဆို

ယခုနှစ်အတွင်း လူသုံးကုန်ပစ္စည်းဈေးနှုန်းများ သိသိသာသာကျဆင်းနိုင်ဟုဆို

ယခုနှစ်အတွင်း လူသုံးကုန်ပစ္စည်းဈေးနှုန်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါစတင်ပြီး နောက် ပထမဆုံးအကြိမ်အဖြစ်သိသိသာသာ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

ဒီနှစ်အတွင်းမှာ  လူသုံးကုန်ပစ္စည်း ဈေးနှုန်းများက  အမြန်ဆုံးသောနှုန်းနဲ့ ကျဆင်းဖို့  အလားအလာ ရှိနေပါတယ်။ ဒီအတွက်ကြောင့်  လူသုံးကုန်ပစ္စည်းများ တင်ပို့မှုအပေါ်မှီခိုနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ များရဲ့  သုံးပုံနှစ်ပုံလောက်က စီးပွားရေး တိုးတက်မှုနှေးကွေးသွားနိုင်ပါတယ်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် အတွင်း လူသုံးကုန်ပစ္စည်းဈေးနှုန်းသည် ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ပြီး Brent ရေနံစိမ်းဈေးသည်ပင်  ယမန်နှစ်ခန့်မှန်း ချက်ထက် ၁၆ ရာခိုင်နှုန်းကျဆင်းကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၅ ဒေါ်လာအထိရောက်ရှိနိုင်သည်။ အလားတူ ဥရောပနှင့် အမေရိကန်နိုင်ငံတို့မှ သဘာဝဓာတ်ငွေ့ဈေးနှုန်းများသည်   ထက်ဝက်ခန့်ကျဆင်းနိုင်မည်ဖြစ်ပြီး ကျောက်မီးသွေးဈေးနှုန်းသည် ၄၂ ရာခိုင်နှုန်းအထိ  ထိုးကျသွားနိုင်ကြောင်း  ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်  စားသောက်ကုန်ဈေးနှုန်းမှာ အနည်းငယ်သာ ကျရိပ်သန်းမည်ဖြစ်ပြီး ၁၉၇၅ ခုနှစ်နောက်ပိုင်း   ဒုတိယအများ ဆုံးအဆင့်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။              

  Ref: Sputnik