ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်း စံချိန်သစ်တင်

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်း စံချိန်သစ်တင်

မန်စီးတီးအသင်းတိုက်စစ်မှူး   ဟာလန်းသည် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း   သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့်   လီဗာပူးအသင်းတိုက်စစ် ကစားသမား ဆာလက်ချ်၏ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းက  အာဆင်နယ်အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ဟာလန်း သည် အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီးနောက်    ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူထားပြီး  တစ်ရာသီသွင်းဂိုးအများဆုံးကစားသမားအဖြစ်   စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်   ဟာလန်းမတိုင်မီက ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  တစ်ရာသီ အတွင်း   သွင်းဂိုးအများဆုံးကစားသမားအဖြစ် လီဗာပူးအသင်းတိုက်စစ်ကစားသမား ဆာလက်ချ်က ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ၃၂ ဂိုးဖြင့် စံချိန်တင်ထားခဲ့ခြင်းကို  ယခုအခါ  ဟာလန်းက တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုဘောလုံးရာသီတွင် ဟာလန်းသည် မန်စီး တီးအသင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၉ ပွဲကစား ရာ၌ ၃၃ ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရာသီပြီးဆုံးရန် ခုနစ်ပွဲ လိုအပ်နေသေးသည့်အတွက် ယခုထက် ပိုမိုပြီး သွင်းဂိုးစံချိန်ကို တင်နိုင်ဖွယ်ရှိနေသည်။

ဟာလန်းနှင့် ဆာလက်ချ်တို့ပြီးလျှင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီသွင်းဂိုးအများဆုံးကစားသမားအဖြစ်  ၂၀၁၃-၂၀၁၄ ဘောလုံးရာသီက လီဗာပူးအသင်းနှင့်ဆွာရက်ဇ်ကလည်းကောင်း၊ ၂၀၀၇-၂၀၀၈ ဘောလုံးရာသီက မန်ယူအသင်းနှင့် စီရော်နယ်ဒိုကလည်းကောင်း၊ ၁၉၉၅-၁၉၉၆ ဘောလုံးရာသီက    နယူးကာဆယ်အသင်းနှင့် အလန်ရှီးယားတို့က ၃၁ ဂိုးစီဖြင့် လည်းကောင်း ရပ်တည်ခဲ့ကြကြောင်း သိရသည်။

Ref;Opta.com