ဒေါ့မွန်အသင်းက အဓိကကွင်းလယ်ကစားသမား မာကိုရူးစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာ

ဒေါ့မွန်အသင်းက အဓိကကွင်းလယ်ကစားသမား မာကိုရူးစ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း ကြေညာ

ဒေါ့မွန်အသင်းက အသင်းမှ အဓိကကွင်းလယ် ကစားသမား မာကိုရူးစ်ကို ၂၀၂၄ ခုနှစ် ဇွန်လအထိ တစ်နှစ်သက်တမ်းတိုးစာချုပ်   ချုပ်ဆိုနိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။

အသက် ၃၃ နှစ်အရွယ် မာကိုရူးစ်သည် ၂၀၁၂ ခုနှစ်က မိုချန်ဂလာဘတ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်းနှင့်  ဆယ်စုနှစ်တစ်ခုကျော်ကြာကစားခဲ့ပြီး ယခုဘောလုံးရာသီတွင်လည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူဖြစ်သည်။

မာကိုရူးစ်ကို အစောပိုင်းနှစ်များကလည်း ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ရီးယဲလ်မက်ဒရစ် အသင်း၊  ဘိုင်ယန်မြူးနစ်အသင်း၊  မန်ယူအသင်း စသည့်အသင်းကြီးများက ကမ်းလှမ်းမှုများပြုလုပ်ခဲ့ ကြသော်လည်း မာကိုရူးစ်ကိုယ်တိုင်က   ငြင်းဆိုခဲ့ပြီး အသင်းတွင်သာ  ဆက်လက်ကစားခဲ့သောကြောင့် အသင်းအပေါ် သစ္စာရှိသည့် ကစားသမားတစ်ဦးအဖြစ် ပရိသတ်များက အသိအမှတ်ပြုခဲ့ကြသည်။

သက်တမ်းတိုးစာချုပ်ချုပ်နိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မာကိုရူစ်းက အသင်းနဲ့ နောက်ထပ်တစ်နှစ်ဆက်ပြီး လက်တွဲခွင့် ရရှိတဲ့အတွက် ဝမ်းသာပါတယ်။ အသင်းနဲ့အတူ ကာလရှည်ကစားချင်ပါတယ်။   ကျွန်တော့်ရဲ့ ကစားသမားဘဝကိုလည်း ဒီအသင်းမှာပဲကုန်ဆုံးချင်ပါတယ်။ ဒီရာသီမှာ ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားမှာပါဟု ပြောသည်။

Ref;Fabrizior Romano