အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌  နွေရာသီ သင်တန်းများ ဖွင့်လှစ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌  နွေရာသီ သင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၉

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလ များတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထား တတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့ အသုံးချဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ ၏ အဆုံးအမ နှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် ယဉ်ကျေးလိမ္မာ စေရန် ရည်ရွယ်၍  တိုင်းစစ်ဌာနချုပ်များ၊ တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များရှိ တပ်မတော်သားမိသားစုဝင်  ကျောင်းသား၊ ကျောင်းသူများအား  ယဉ်ကျေးလိမ္မာ သင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံအင်္ဂလိပ် စာသင်တန်းနှင့် မြန်မာ့သိုင်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ သန္တိသုခ ဓမ္မာရုံနှင့် အောင်ဆန်းခန်းမတို့၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲများကို ပြုလုပ်ရာ မော်လမြိုင်မြို့၊ ကော့ကလုပ်ကျောင်း ဆရာတော် ဘဒ္ဒန္တ အိန္ဒာစရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြ ပြီး တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ  တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မော်လမြိုင်မြို့၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)  ကျောင်းသား/ကျောင်းသူများက (၃၈)ဖြာ မင်္ဂလာတရားတော်များ ၊ ပြည်သူ့နီတိ ကဗျာများအား သီဆိုသရုပ်ပြသမှုများကို ကြည့်ရှု  အားပေးကြပြီး  တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများနှင့် သင်ကြားပို့ချမည့် သင်တန်းနည်းပြများအား  ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြ သည်။

          အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ လည်း တပ်မတော်သား မိသားစုဝင် ကျောင်းသား/ကျောင်းသူများအား နွေရာသီ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။