ရီးယဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ယူရို သန်း ၁၄၀ ဖြင့် ကမ်းလှမ်းမည်

ရီးယဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ကို ယူရို သန်း ၁၄၀ ဖြင့် ကမ်းလှမ်းမည်

ရီးယဲလ်မက်ဒရစ်အသင်းက  ယခုဘောလုံးရာသီတွင် ဒေါ့မွန်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနေသည့် လူငယ်ကွင်းလယ်ကစားသမား ဘယ်လင် ဟမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း  ၁၄၀  အထိ ပေးချေပြီး   ကမ်းလှမ်းမှု  မကြာမီပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အသက်  ၁၉  နှစ်အရွယ် ဘယ်လင်ဟမ်သည် ၂၀၂၀  ပြည့်နှစ်က  မန်ယူအသင်းသို့  ပြောင်းရွှေ့ ကစားရန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးတွင် ဒေါ့မွန် အသင်းသို့   ပြောင်းရွှေ့ကြေး ယူရို ၂၆  သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းတွင် ထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းက အသင်းကွင်းလယ် ပိုင်းတွင် ဝါရင့်ကစားသမား လူကာမိုဒရစ်အနေဖြင့် အသက်အရွယ် အပိုင်းအခြားအရ   အကျဘက်ကို ရောက်ရှိနေပြီဖြစ်သောကြောင့်   ၎င်း၏နေရာတွင် ဘယ်လင်ဟမ်နှင့်  အစားထိုးလိုနေသည့်အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြင့် ကမ်းလှမ်း ရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

ယခုဘောလုံးရာသီတွင်  ဒေါ့မွန်အသင်း ဒုတိယ အသင်းခေါင်းဆောင် တာဝန်ယူထားသည့် ဘယ်လင် ဟမ်ကို  ရီးယဲလ်မက်ဒရစ် အသင်းအပြင်   ပြင်သစ်ထိပ်သီး  ပီအက်စ်ဂျီအသင်းနှင့် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စောင့်ကြည့် လျက်ရှိသော်လည်း    ဘယ်လင်ဟမ်ကိုယ်တိုင်က တခြားအသင်း များထက် ရီးယဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ကစားလိုနေခြင်းဖြစ်သည်။

လက်ရှိ ဒေါ့မွန်အသင်းနှင့်   ဘယ်လင်ဟမ်တို့၏ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့် အတွက်   ဒေါ့မွန်အသင်းကလည်း  မြင့်မားသည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချရန်ပြင်ဆင်ထားပြီး ရီးယဲလ်မက်ဒရစ် အသင်းမှ တာဝန်ရှိသူများအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်ကာ   ဆွေးနွေးမှုများ  ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။     

Ref;Transfermarket