မန်ယူအသင်းက အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနေသည့် တောင်ပံကစားသမား ဂါနာချိုကို ၂၀၂  ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

မန်ယူအသင်းက အသင်းတွင် အကောင်းဆုံးခြေစွမ်းပြနေသည့် တောင်ပံကစားသမား ဂါနာချိုကို ၂၀၂  ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

မန်ယူအသင်းက ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ  အကောင်းဆုံးခြေစွမ်းပြနေသည့်   တောင်ပံ ကစားသမား ဂါနာချိုကို ၂၀၂၈ ခုနှစ်အထိ  ကာလရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း  သိရသည်။

အသက်  ၁၈ နှစ်သာရှိသေးသည့်  ဂါနာချိုသည် ၂၀၂၂  ခုနှစ်  ဧပြီလက   မန်ယူအသင်းနှင့် ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပူးပေါင်းခဲ့သူဖြစ် ပြီး ယခုဘောလုံးရာသီတွင် မန်ယူအသင်းတွင် ကစား သမားဆန်ချို ဒဏ်ရာကြောင့်မပါဝင်နိုင်သည့် အချိန် များတွင်  နည်းပြတန်ဟတ်၏  ယုံကြည်မှုနှင့်အတူ  ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။

ဂါနာချိုသည် ပါဝင်ကစားခွင့်ရရှိသည့် ပွဲစဉ်များတွင်   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး    တခြား ထိပ်တန်းအသင်းကြီးများကလည်း ဂါနာချိုကိုခေါ်ယူရန် စောင့်ကြည့်နေသည့်အတွက်     မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်  ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဂါနာချိုနှင့် မန်ယူအသင်းတို့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာကျန်ရှိတော့သည့်အတွက် တခြားအသင်း များက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်စောင့် ကြည့်နေသောကြောင့်  မန်ယူအသင်းက သက်တမ်း တိုးစာချုပ်ချုပ်ဆိုရန်ကမ်းလှမ်းရာမှ ယခုအခါ ငါးနှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 Ref;B/R Football