ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားနှင့် အိမ်ရှင်ကမ္ဘောဒီးယား ဂိုးပြတ်နိုင်

ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင် အင်ဒိုနီးရှားနှင့် အိမ်ရှင်ကမ္ဘောဒီးယား ဂိုးပြတ်နိုင်

ရန်ကုန်  ဧပြီ  ၂၉

 

(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(က)  ပထမနေ့ကို ယနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၌ စတင်ကျင်းပရာ အင်ဒိုနီးရှားနှင့် အိမ်ရှင်ကမ္ဘောဒီးယား အသင်းတို့ ဂိုးပြတ်အနိုင်ရခဲ့သည်။

အုပ်စု(က) ပထမနေ့တွင် မြန်မာအသင်း ပွဲစဉ်မပါဝင်ဘဲ ကျန်လေးသင်းယှဉ်ပြိုင် ကစားခဲ့ကာ အင်ဒိုနီးရှား အသင်းက ဖိလစ်ပိုင်အသင်းကို သုံးဂိုးပြတ်၊ အိမ်ရှင်ကမ္ဘောဒီးယားအသင်းက တီမောအသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ အင်ဒိုနီးရှားအသင်းသည် ပွဲပြီးခါနီးတွင် သွင်းယူသည့်ဂိုးများဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး အဖွင့်လှခဲ့သည်။  အင်ဒိုနီးရှား အသင်းသည် ပထမပိုင်းပြီးခါနီးတွင် မာစီလီနို သွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ကျန်အနိုင်ဂိုးနှစ်ဂိုးကိုမူ ဒုတိယပိုင်းပြီးခါနီးတွင် ရရှိခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအသင်း အတွက် အနိုင်ဂိုးများကို နာကျင်အချိန်ပိုတွင် ဖာဂျာနှင့် အီဖန်တို့က သွင်းယူခဲ့သည်။

အိမ်ရှင်ကမ္ဘောဒီးယား အသင်းမှာမူ တီမောကို    ဂိုးပြတ်သွင်းပြီး    အိမ်ရှင်ပရိသတ်ရှေ့မှောက်တွင်  မျက်နှာပန်းလှသွားခဲ့သည်။ ကမ္ဘောဒီးယားအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့ပြီး ၃၉၊ ၄၅ မိနစ်တွင် ချူဆန်တီ၊ ၇၄ မိနစ်တွင် ရာတာနာ၊ ၈၃ မိနစ်တွင်    ပီဆော့သ်တို့က    သွင်းယူခဲ့သည်။

ဧပြီ  ၃၀  ရက်(ယနေ့)တွင် အုပ်စု(ခ)ပထမနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၃  နာရီခွဲတွင် ထိုင်းနှင့် စင်ကာပူ၊ မြန်မာစံတော်ချိန် ည ၆ နာရီခွဲတွင် ဗီယက်နမ်နှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ကိုညီလေး