မန်ယူအသင်း၌ တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး အများဆုံး ကစားသမားအဖြစ် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ထိပ်ဆုံးမှ ရပ်တည်

မန်ယူအသင်း၌ တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး အများဆုံး ကစားသမားအဖြစ် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ထိပ်ဆုံးမှ ရပ်တည်

မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် မန်ယူအသင်း၌   နည်းပြဖာဂူဆန် အနားယူပြီးနောက်ပိုင်း တစ်ရာသီအတွင်း  ပြိုင်ပွဲစုံ  သွင်းဂိုး အများဆုံးကစား သမားအဖြစ်  ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း  သိရသည်။

ရက်ရှ်ဖို့ဒ်သည်   ယခုဘောလုံးရာသီ အစပိုင်းတွင် ဒဏ်ရာပြဿနာများကြောင့် ခြေစွမ်းပြနိုင်ရန် ရုန်းကန် ခဲ့ရသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး လိဂ် ပြိုင်ပွဲများ ပြန်လည်ကျင်းပသည့် အချိန်တွင် ထိပ်တန်း အဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည်   မန်ယူအသင်းနှင့် စပါးအသင်းတို့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်သည့်ပွဲစဉ်တွင် အသင်း အတွက်  သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီး ယခုဘောလုံး ရာသီတွင်  ပြိုင်ပွဲစုံ  သွင်းဂိုး ၂၉  ဂိုးအထိရှိလာကာ မန်ယူအသင်း၌ နည်းပြဖာဂူဆန် အနားယူပြီးနောက်ပိုင်း တစ်ရာသီအတွင်း  သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်း၌   နည်းပြဖာဂူဆန် အနားယူပြီး နောက်ပိုင်း တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစား သမားစာရင်းတွင် ရက်ရှ်ဖို့ဒ်၏ နောက်၌ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီတွင်  အီဘရာဟီမိုဗစ်ချ်က  ၂၈   ဂိုး၊ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ဖာနန်ဒက်စ်က ၂၈ ဂိုး၊ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတွင် လူကာကူက ၂၇ ဂိုးနှင့်  ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် စီရော် နယ်ဒိုက ၂၄ ဂိုး  အသီးသီး သွင်းယူနိုင်ခဲ့ကြသည်။ လက်ရှိတွင် ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲ ၃၀ ကစားပြီးချိန်တွင် ၁၆ ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။