(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ယူ-၂၂ မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် တီမောလက်စ်တေအသင်းတို့၏ ဘောလုံးပွဲ တိုက်ရိုက် ထုတ်လွှင့်မည်

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ယူ-၂၂ မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် တီမောလက်စ်တေအသင်းတို့၏ ဘောလုံးပွဲ တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော်  မေ   ၁

    ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင် အားကစားနည်း များအနက်  အသက်  ၂၂  နှစ်အောက် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်မှ စတင်ကျင်းပလျက်ရှိသည်။    အဆိုပါ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ ယူ-၂၂ မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် တီမောလက်စ်တေ အသင်းတို့သည် မေ ၂ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်ကို MRTV HD ၊ MRTV Sports Channel ၊  MRTV  Parliament Channel ၊ MRTV Farmers'Channel ၊ MWD Variety  HD Channel ၊ MWD EDUCATION,KNOWLEDGE & SPORTS Channel၊ Channel LIGHTနှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် Liveထုတ်လွှင့်သွားမည်ဖြစ် ကြောင်း  မိဘပြည်သူများအား  ကြိုတင် အသိပေးအပ်ပါသည်။