မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် သတင်းရယူနိုင်ရေး အသိပေးကြေညာခြင်း

၁။      ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် နေပြည်တော်၊ မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

၂။      အဆိုပါအခမ်းအနားသို့ တက်ရောက် သတင်းရယူလိုသော လုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရယူထားသည့် မီဒီယာများအနေဖြင့် သတင်းမီဒီယာဌာန တစ်ခုလျှင် သတင်းမီဒီယာသမား(၂)ဦးနှုန်းဖြင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ  (နေပြည်တော်)၊ ၀၆၇-၃၄၁၂၁၄၃၊ iprd.crd.npt@gmail.com ၊ (ရန်ကုန်)၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com  သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။                   

 ပြန်ကြားရေးဝန်ကြီးဌာန