ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြားများနှင့် Happy Water များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြားများနှင့်  Happy Water များ ဖမ်းဆီးရမိ

နေပြည်တော်  မေ  ၁

    ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၁ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီ ဆေးပြားများနှင့်  Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ဧပြီ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် နမ့်စန်မှ တာချီလိတ်သို့ စောရွှေ မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်၌ ကုန်စုံများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဘိန်းဖြူဘလောက်တုံး ၁၃၅၈ တုံး၊ အလေးချိန် ၄၇၅ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ နံနက် ၁၁ နာရီခွဲတွင် ဘိန်းဖြူ ဘလောက်တုံးများ သယ်ဆောင်ရာ၌ ပူးပေါင်း ပါဝင်သူ အောင်စိုးအား တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ  တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာရှိ စိုင်းနွံ(ခ)ထွန်းလင်းဦး၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် အက်တက်စီ ဆေးပြား ၂၃၅ ပြားနှင့်  Happy Water၃၁၅  ဂရမ်  ထပ်မံသိမ်းဆည်း ရမိခဲ့၍ စုစုပေါင်း  ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ  ၁ ဘီလီယံကျော် တန်ဖိုးရှိဘိန်းဖြူ ၄၇၅ ဒသမ ၃ ကီလို၊ အက်တက်စီဆေးပြား ၂၃၅ ပြား၊ Happy Water၃၁၅ ဂရမ် သိမ်းဆည်း ရမိခဲ့သဖြင့်  ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေး အကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအရ ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။