ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် မန်ယူအသင်း ကစားသမားဟောင်း ရွန်နီ၏ စံချိန်ကို ဟယ်ရီကိန်းလိုက်မီ

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယသွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် မန်ယူအသင်း ကစားသမားဟောင်း ရွန်နီ၏ စံချိန်ကို ဟယ်ရီကိန်းလိုက်မီ

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းသည် စပါးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားသည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက်  ဒုတိယသွင်းဂိုး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် မန်ယူအသင်း ကစားသမားဟောင်း ရွန်နီ၏ စံချိန်ကို  လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်၌ ဟယ်ရီကိန်းသည်  ပွဲချိန်  မိနစ် ၄၀ တွင်  အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ရာ  ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်  သွင်းဂိုး ၂၀၈ ဂိုးအထိရှိလာပြီးနောက် ရွန်နီ၏ စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၄ နှစ်အရွယ် ဟယ်ရီကိန်းသည် စပါးအသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သော်လည်း  ကစားသမားဘဝအစပိုင်းက တခြားအသင်းများသို့  အငှားစာချုပ်များဖြင့် သွားရောက်ကစားပြီး ၂၀၁၃ ခုနှစ်မှသာ အသင်းနှင့်ပြန်လည် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်   ရွန်နီ နှင့်ဟယ်ရီကိန်းတို့၏ အထက်တွင်  သွင်းဂိုးအများဆုံး ကစားသမားအဖြစ် နယူးကာဆယ်အသင်း ကစားသမား ဟောင်း အလန်ရှီးယားက သွင်းဂိုး ၂၆၀ ဖြင့် ရပ်တည်လျက်ရှိသည်။

ဟယ်ရီကိန်းသည် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌   ၃၄  ပွဲကစားထားပြီး ၂၅ ဂိုး  သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။