(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အသက် ၂၂ နှစ်အောက် မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့၏ ဘောလုံးပွဲကို MRTVမှ တိုက်ရိုက်ထုတ်လွှင့်မည်

 (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အသက် ၂၂ နှစ်အောက် မြန်မာအမျိုးသား ဘောလုံးအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့၏ ဘောလုံးပွဲကို MRTVမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မေ ၂

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေ ၅ ရက် မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်အားကစားနည်းများ အနက် အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို ဧပြီ ၂၉ ရက်မှ စတင် ကျင်းပလျက်ရှိသည်။

အဆိုပါအမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ   မြန်မာအမျိုးသား ဘောလုံးအသင်းနှင့်  အင်ဒိုနီးရှား အသင်းတို့သည် မေ ၄ ရက် ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ  အဆိုပါပွဲစဉ်ကို  MRTV HD Channel ၊ MRTV Sports Channel? MRTV  Parliament Channel ၊ MRTV Farmers' Channel နှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် (Live) ထုတ်လွှင့်သွားမည်ဖြစ်သည်။