(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ စတင်ယှဉ်ပြိုင်

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ စတင်ယှဉ်ပြိုင်

နေပြည်တော် မေ ၂

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့အပါအဝင်  မြို့ကြီးငါးမြို့တို့၌  ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက် အထိ  ကျင်းပသွားမည်ဖြစ်သော်လည်း မြန်မာနိုင်ငံမှ  အားကစားနည်း ၁၉ မျိုး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ရာ ဖွင့်ပွဲမတိုင်မီ မြန်မာနိုင်ငံမှ ယနေ့နံနက်ပိုင်း မှစတင်ပြီး စစ်တုရင်ပြိုင်ပွဲ၊ ခရစ်ကက်(အမျိုး သမီး)ပြိုင်ပွဲနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) စတင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း  သိရသည်။

မေ ၃ ရက်(ယနေ့)တွင် စစ်တုရင်အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ၊ စစ်တုရင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ ဘော်လီဘော အမျိုးသား မြန်မာ နှင့်ဗီယက်နမ်ပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံး ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း ၁၉ နည်းမှာ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘိလိယက်စနူကာ၊ စစ်တုရင်၊  ခရစ်ကက်၊ E-Sports ၊ ဂျူဒို၊ ဘောလုံး၊ ဗိုဗီနမ်၊ အားနစ် Kun Bokator ၊ ပီတန်း၊  ပိုက်ကျော်ခြင်း၊  တိုက်ကွမ်ဒို၊ ဘော်လီဘော၊  အလေးမ၊ ဝူရှူး၊ ရိုးရာလက်ဝှေ့ (Kun Khmer)၊  ရိုးရာလှေ၊ တင်းနစ်  စသည့်အားကစားနည်းများ ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။