အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ ယူ-၂၂ အင်ဒိုနီးရှားနိုင်ငံ အသင်းနှင့် မြန်မာအမျိုးသားဘောလုံး အသင်းပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်သွားမည်

အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စု(က)မှ ယူ-၂၂ အင်ဒိုနီးရှားနိုင်ငံ အသင်းနှင့် မြန်မာအမျိုးသားဘောလုံး အသင်းပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်သွားမည်

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၃ ခုနှစ် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မေလ ၅ ရက် မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်အားကစားနည်းများအနက် အသက် ၂၂ နှစ်အောက် အမျိုးသားဘောလုံးအားကစားပြိုင်ပွဲ၏ အုပ်စုအဆင့်ပြိုင်ပွဲများကို  ဧပြီ ၂၉ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည်။ အဆိုပါ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၏ အုပ်စု (က)မှ ယူ - ၂၂ အင်ဒိုနီးရှားနိုင်ငံ အသင်းနှင့် မြန်မာအမျိုးသားဘောလုံးအသင်းတို့သည် မေ ၄ ရက်(ယနေ့)၊ ညနေ ၃ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို MRTV HD၊ MRTV Sports Channel၊ MRTV   Parliament Channel၊ MRTV Farmers' Channel၊ MWD Variety HD Channel၊   MWD EDUCATION,   KNOWLEDGE & SPORTS Channel၊ Channel LIGHT နှင့် မြန်မာ့အသံရေဒီယိုတို့က တိုက်ရိုက် Live ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား ကြိုတင်အသိပေးအပ်ပါသည်။