(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့နှင့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံခရိုင်နှင့် ပြင်ဦးလွင်တပ်နယ်တို့မှ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း

(၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့နှင့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံခရိုင်နှင့် ပြင်ဦးလွင်တပ်နယ်တို့မှ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ မေ - ၄

          (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မတော် ဆေးရုံ၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်‌ နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။

          ဦးစွာ တိုင်းမှူးက သွေးလှူဒါန်းပွဲကို  တက်ရောက်လာကြသည့် မီးသတ် တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တိုင်းမှူးက သွေးလှူဒါန်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တစ်ဦးချင်းလိုက်လံကြည့်ရှု အားပေးပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။

          အလားတူ ၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့နှင့် မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူကြသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများက သွေးအလှူရှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း ၅၁ ဦးအား သွေးလှူဒါန်းနိုင်ရေးအတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုး အစားခွဲခြား ခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး သတ်မှတ် နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

          ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦး လွင်တပ်နယ်မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင် များအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။