ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၅/၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်   ၁   ရက်

( ၂၀၂၃ ခုနှစ်၊ မေလ   ၄   ရက် )

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ်(၁၈)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီကို   ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ၏မှတ်ပုံတင်အမှတ်မှာ ( ၁၀ ) ဖြစ်ပါသည်။

                                     

                                                 (ပုံ) သိန်းစိုး

                                      ဥက္ကဋ္ဌ

                                      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်