တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သဗ္ဗေညုစေတီတော်အား သွားရောက်ဖူးမြော်

တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သဗ္ဗေညုစေတီတော်အား သွားရောက်ဖူးမြော်

နေပြည်တော် မေ ၅

၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်၊ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ပုဂံမြို့သို့ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက နံနက် ၁၁ နာရီခွဲတွင် ညောင်ဦးလေဆိပ်၌ ကြိုဆိုခဲ့သည်။

ယင်းနေ့၊ ညနေ ၄ နာရီ မိနစ် ၅၀ တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပုဂံမြို့၊ ရွှေစည်းခုံစေတီရှိ ချူအင်လိုင်းတန်ဆောင်း တွင် ရန်ကုန်မြို့၊ တရုတ်သံရုံးမှ လူငယ်များ နှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် ည ၇ နာရီတွင် တရုတ်နိုင်ငံအစိုးရ၏အကူအညီ ဖြင့် ပြုပြင်မွမ်းမံနေသည့် သဗ္ဗေညုစေတီ တော်သို့  သွားရောက်ဖူးမြော်လေ့လာ ကြည့်ရှုခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်၊ နံနက် ၉ နာရီ မိနစ် ၅၀ တွင် တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ပုဂံဘုရားများအား မော်တော်ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုခဲ့ပြီး ညောင်ဦး မြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိ သူများက ညောင်ဦးလေဆိပ်၌ လိုက်ပါ ပို့ဆောင်နှုတ်ဆက်ခဲ့သည်။