လားရှိုးမြို့၌ သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် နမ့်ယော်ချောင်း အတွင်းမှ ရေအားဖြင့် အလိုအလျောက် ရေတင်ခြင်းနည်းပညာအား တောင်သူများသို့ ပညာပေးခြင်း၊ မြို့တိုးချဲ့ရေပေးဝေရေး လုပ်ငန်းနှင့် ရေလှောင်တံမန်များ အားကြည့်ရှု စစ်ဆေး

လားရှိုးမြို့၌ သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် နမ့်ယော်ချောင်း အတွင်းမှ ရေအားဖြင့် အလိုအလျောက် ရေတင်ခြင်းနည်းပညာအား တောင်သူများသို့ ပညာပေးခြင်း၊ မြို့တိုးချဲ့ရေပေးဝေရေး လုပ်ငန်းနှင့် ရေလှောင်တံမန်များ အားကြည့်ရှု စစ်ဆေး

နေပြည်တော်၊ မေ - ၆

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက် နမ့်ယော်ချောင်းအတွင်းမှ ရေအားဖြင့် အလိုအလျောက်ရေတင်ခြင်း နည်းပညာအား တောင်သူများသို့ ပညာပေးခြင်းကို မေ ၅ ရက် မွန်းလွဲပိုင်းတွင် အဆိုပါချောင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တာဝန် ရှိသူများက သုံးရေနှင့် စိုက်ပျိုး ရေလုံလောက်စွာ ရရှိစေရေးအတွက် နမ့်ယော်ချောင်း အတွင်းမှ ရေအားကိုအသုံးပြု၍ အလိုအလျောက် ရေတင်ခြင်း နည်းပညာသည်  ရာသီ သီးနှံပင်များ စိုက်ပျိုးသော တောင်သူများအတွက် သီးနှံများ အထွက်တိုးစေရန်နှင့် စိုက်ပျိုးရေး ကုန်ကျစရိတ်များ သက်သာစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဒေသခံတောင်သူ လယ်သမားများ၏  ဆွေးနွေးတင်ပြချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တောင်သူ လယ်သမားများနှင့်အတူ ရေအားဖြင့် အလိုအလျောက်ရေတင်ခြင်း ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှု၍ ရေရှည်အသုံးပြုနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေး မှာကြားသည်။

          ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့ တိုးချဲ့ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ဂျာမိုင်ရေထွက်နှင့် ကောက်ကွေ့ရေလှောင် တံမန်ရှင်းလင်းဆောင်သို့ သွားရောက်၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။