လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ရေး စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ရေး စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ မေ - ၆

          နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ရေးစခန်းသို့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက  သွားရောက်၍ ကြည့်ရှုအားပေးပြီး အဆိုပါထောက်ပံ့ရေးစခန်းတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်မိ ရပ်ဖများအား တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်မြင်ကုန်း ရွာဦးကျောင်း တိုက်၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေနှင့် ဆောက်လုပ်ပေးနေမှုအခြေအနေများ၊ ကျေးရွာအတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေ ရရှိအောင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။