ဆီးဂိမ်း Kun Bokator အားကစားနည်းတွင် မြန်မာရွှေတံဆိပ်ဆွတ်ခူး ၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့မှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ထပ်မံဆွတ်ခူး

ဆီးဂိမ်း Kun Bokator အားကစားနည်းတွင် မြန်မာရွှေတံဆိပ်ဆွတ်ခူး ၊ ဗိုဗီနမ်နှင့် ခြင်းလုံးအားကစားနည်းတို့မှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ထပ်မံဆွတ်ခူး

ရန်ကုန်  မေ  ၈

ဆီးဂိမ်း Kun Bokator ပြိုင်ပွဲနောက်ဆုံးနေ့ကို မေ ၈ ရက်က ဆက်လက်ကျင်းပရာ မြန်မာအားကစားအဖွဲ့က  ရွှေတံဆိပ်ဆု စတင်ဆွတ်ခူး ရရှိခဲ့သည်။

မြန်မာ Kun Bokator အားကစားအဖွဲ့သည် မေ ၈ ရက်ပွဲစဉ်များတွင် ရွှေတစ်ခု၊ ငွေတစ်ခု၊  ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မြန်မာ Kun Bokatorအားကစား အဖွဲ့အတွက်   ပထမဆုံးရွှေတံဆိပ်ဆုကို  အမျိုးသား နှစ်ယောက်+ အမျိုးသမီးတစ်ယောက် အတွဲပြိုင်ပွဲတွင် ပိုင်ဇေယျာဖြိုး၊ အံ့ဘွယ်ငြိမ်းနှင့် နီလာစိုးဦးအတွဲက ရမှတ် ၈ ဒသမ ၆၆၅၈ မှတ်ဖြင့်  ရယူနိုင်ခဲ့ပြီး ကမ္ဘောဒီးယားအတွဲက ၈ ဒသမ ၄၉၉၂ မှတ်ဖြင့် ငွေတံဆိပ်၊ လာအိုအတွဲက ၈ ဒသမ ၁၆၅၉ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။ မြန်မာ Kun Bokator tm အားကစားအဖွဲ့အတွက် ငွေတံဆိပ်ဆု ကို အမျိုးသမီး လက်သိုင်းအပြပြိုင်ပွဲတွင် သိင်္ဂီဝင်းကျော်၊  ကြေးတံဆိပ်ဆုများကို အမျိုးသားဓားကောက် စွမ်းရည်ပြပြိုင်ပွဲတွင် အံ့ဘွယ်ငြိမ်း၊ အမျိုးသမီး သုံးယောက်တွဲ စွမ်းရည်ပြပြိုင်ပွဲတွင် ဝတ်ရည်ဦး၊ မြတ်နိုးဝေနှင့် သိဂီဝင်းကျော်အတွဲ၊ အမျိုးသားနှစ်ယောက် တွဲစွမ်းရည်ပြပြိုင်ပွဲတွင် အောင်ပြည့်စုံနှင့် ခန့်လွန်းဇော်အတွဲ တို့က ရယူနိုင်ခဲ့သည်။

ဆီးဂိမ်း Kun Bokator ပြိုင်ပွဲကို မေ ၄ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာ Kun Bokator အားကစားအဖွဲ့သည် ရွှေ တံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် ခြောက်ခု ဆွတ်ခူးရရှိခဲ့သည်။