ဆီးဂိမ်းဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပေါက်စ ဗိုလ်လုပွဲတက်ရောက်

ဆီးဂိမ်းဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပေါက်စ ဗိုလ်လုပွဲတက်ရောက်

ရန်ကုန်  မေ  ၈

(၃၂)ကြိမ်မြောက် ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့တွင် ဆက်လက် ကျင်းပရာ လက်ရှိချန်ပီယံ မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စ ဗိုလ်လုပွဲ တက်ရောက်သွားသည်။

ပေါက်စသည် ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး ကွာတားဖိုင်နယ်တွင် ဗီယက်နမ်ကစားသမား ဗန်ငုယင်ထရန်ကို သုံးပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် ထိုင်းကစားသမား ယူတာပေါ့ကို သုံးပွဲပြတ်တို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ဗိုလ်လုပွဲတွင် နာမည်ကြီး စင်ကာပူဘိလိယက်ကစားသမား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံနေပြီး မေ ၉ ရက်(ယနေ့)တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။   ပီတာဂေးလ်ခရစ်သည် ကွာတားဖိုင်နယ်တွင် ဗီယက်နမ် ကစားသမား ငုယင်ထရောင်ကို သုံးပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် ထိုင်းနာမည်ကြီး ကစားသမား ပရာပွတ်ကို ၃ ပွဲ- ၂ပွဲဖြင့် အနိုင်ရခဲ့သည်။ ပေါက်စနှင့် ပီတာဂေးလ်ခရစ်သည် ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းဗိုလ်လုပွဲတွင် နှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး  ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင်   ပေါက်စကအနိုင်ရရှိပြီး ရွှေတံဆိပ်ရရှိခဲ့သည်။

ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဘိလိယက် ကစားသမား ဇော်သန်းထိုက်သည် ကွာတားဖိုင်နယ်တွင် ထိုင်းနာမည်ကြီး ဘိလိယက်ကစားသမား ပရာပွတ်ကို ၃ ပွဲ-၂ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။