ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်မှုကို လိုလားသည့် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျောက်ကြီး-နတ်သံကွင်း ကားလမ်းရှိ သံဘောင်သစ်သားခင်း တံတားတစ်စင်းအား မီးရှို့ဖျက်ဆီး

ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်မှုကို လိုလားသည့် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျောက်ကြီး-နတ်သံကွင်း ကားလမ်းရှိ သံဘောင်သစ်သားခင်း တံတားတစ်စင်းအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၁၁

      ဒေသအတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူ မြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ် တည်ဆောက်ပေးလျက်ရှိရာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသူ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း/တံတား များအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောက် လုပ်ရပ်များကို ဆင်ခြင်တုံ တရားနည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက် ရှိသည်။

      ထိုသို့ အဖျက်အမှောက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ မေလ ၁၀ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာအနီး၊ ကျောက်ကြီး- နတ်သံကွင်းကားလမ်း မိုင်တိုင်အမှတ် ၁၁ မိုင် ၁ ဖာလုံရှိ သံဘောင်သစ်သားခင်း၊ တံတားအမှတ် (၁/၁၂)၊ စစ်ပင်တံတားအား အကြမ်းဖက်မှုကို လိုလားသည့် သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ ဖြတ်သန်းသွားလာ အသုံးပြုလျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။