ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကြော်ငြာစာအမှတ်(၁/၂၀၂၃) ၊ လျှောက်လွှာခေါ်ယူခြင်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး

ကြော်ငြာစာအမှတ်(၁/၂၀၂၃)

(၂၀၂၃ ခုနှစ် မေလ ၉ ရက်)

လျှောက်လွှာခေါ်ယူခြင်း

၁။      ဤညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီသတင်းစာတိုက်နှင့် ရတနာပုံ သတင်းစာတိုက်တို့တွင် အောက်ပါရာထူးများ၌ စစ်သည်(အစားခန့်) ဝန်ထမ်းအဖြစ်ခန့်အပ်ရန် အလိုရှိပါသည်-

          (က)    စာတည်း(ဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ)ဦးစားပေးမည်)

          (ခ)     စာပြင်(ဝိဇ္ဇာဘွဲ့(မြန်မာစာ)၊ ဝိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ)ဦးစားပေးမည်)

          (ဂ)    ကွန်ပျူတာ(ကွန်ပျူတာဘွဲ့ရဦးစားပေးမည်)

၂။      ရာထူးအားလုံးအတွက် လိုအပ်သော အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

          (က)   လျှောက်ထားသူသည်ပြည်ထောင်စုမြန်မာနိုင်ငံသား တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ရမည်။

          (ခ)     ၂၀၂၃   ခုနှစ်  မတ်လ(၃၁)ရက်နေ့တွင်  အသက်(၂၈)နှစ်မကျော်လွန်စေရ၊ အိမ်ထောင်မရှိဖူးသူ လူပျို/အပျိုဖြစ်ရမည်။

          (ဂ)    တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူဖြစ်ရမည်။

          (ဃ)   အနည်းဆုံး ၅ နှစ်အမှုထမ်းဆောင်နိုင်သူဖြစ်ရမည်။ လိုအပ်ပါက စစ်သည်/စစ်သမီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရမည်။

          (င)     လျှောက်ထားသူနှင့် မိဘညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် ပြစ်မှုကင်းရှင်းရမည့် အပြင် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသူဖြစ်ရမည်။

၃။      လျှောက်လွှာနှင့် ကိုယ်ရေးရာဇဝင်ပုံစံများကို အောက်ပါနေရာများတွင် ရယူနိုင်ပါသည်။

          (က)   မြဝတီသတင်းစာတိုက်(နေပြည်တော်)

          (ခ)     မြဝတီသတင်းစာတိုက်(ရန်ကုန်)

          (ဂ)    မြဝတီသတင်းစာတိုက်(မန္တလေး)

          (ဃ)   ရတနာပုံသတင်းစာတိုက်

၄။      လျှောက်လွှာများကို ၁၀-၅-၂၀၂၃ ရက်မှ ၂၄-၅-၂၀၂၃ ရက်နေ့အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

၅။      လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံနှင့် တပ်မတော်ဆေးရုံ/ ပြည်သူ့ဆေးရုံတို့မှ ပဏာမဆေးစစ် အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၆။      သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မရှိသောလျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၇။   လူတွေ့စစ်ဆေးခြင်းအား မြဝတီသတင်းစာတိုက်(နေပြည်တော်)တွင် ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နှင့် ၂၆ ရက်တို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

          နေပြည်တော်  ဖုန်း   -        ၀၉-၄၃၀၂၉၈၂၀၊ ၀၉-၄၂၂၁၉၂၁၇၀၊ ၀၉-၂၅၀၀၀၀၈၅၄၊ ၀၃၁-၇၄၀၀၆၊ ၀၃၁-၇၄၀၀၈

          ရန်ကုန် ဖုန်း            -        ၀၉-၄၂၅၃၅၃၃၉၇၊ ၀၉-၄၀၃၇၀၃၅၉၉

          မန္တလေး ဖုန်း          -        ၀၉-၆၈၃၂၅၉၇၇၄၊ ၀၉-၄၀၁၆၀၅၀၇၁