ပြည်တွင်းဝါး လက်မှုအကြမ်း ထည်ဈေးကွက် အလုပ်တွင် ကျယ်သော်လည်း အချောထည် ဈေးကွက် ကျဆင်း

ရန်ကုန်၊ စီးပွားရေး

ပြည်တွင်းဝါးလက်မှုအကြမ်းထည်ဈေးကွက် အလုပ်တွင် ကျယ်နေသော်လည်း အချောထည်ဈေးကွက်  ကျဆင်း လျက်ရှိ ကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း၏ပြောပြချက်အရ သိရ သည်။

ဝါးလက်မှုအကြမ်းထည်များသည် ပြည်တွင်းသုံးဖြစ်သည့်အတွက် ဈေးကွက်အတွင်း မဖြစ်မနေဝယ်ယူသုံးစွဲသူများ ပုံမှန်ဝယ်ယူ မှုရှိသောကြောင့် အလုပ်တွင်ကျယ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင်    ဝါးလက်မှုအချောထည်ကို COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလမတိုင်မီက ပြည်ပသို့ တစ်ပိုင် တစ်နိုင် တင်ပို့သူအနည်းငယ်ရှိခဲ့ပြီး    နိုင်ငံခြား ခရီးသွားဧည့်သည်များ  ဝယ်ယူမှုရှိခဲ့သော် လည်း လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြား ခရီးသွားဧည့်သည်ဝင်ရောက်မှုရပ်တန့်နေ သည့်အတွက် ဝါးလက်မှု အချော ထည်ဈေး ကွက်ကျ ဆင်းလျက်ရှိကြောင်း သိရသည်။ ဝါးကုန်ကြမ်းမှ အချောထည်များအဖြစ် မီးအုပ်ဆောင်း၊ နာရီဒိုင်ခွက်၊ ဓာတ်ပုံမှန် ပေါင်၊ တစ်သျှူးဘောက်စ်၊ သစ်သီးထည့် သည့်ခြင်း၊ ဖုန်းတင်စင်၊ နှီးခမောက်၊ မီးအိမ်၊  ပန်းအိုး၊ ရေခွက်နှင့် ကရားအိုးများ ထုတ် လုပ်ရောင်းချကြကြောင်း သိရသည်။

နေနေ