မြန်မာပြေးခုန်ပစ်အဖွဲ့ ကြေးတံဆိပ်တစ်ခုရရှိ

မြန်မာပြေးခုန်ပစ်အဖွဲ့ ကြေးတံဆိပ်တစ်ခုရရှိ

ရန်ကုန်  မေ  ၁၁

ဆီးဂိမ်း ပြေးခုန်ပစ်ပြိုင်ပွဲကို မေ ၁၁ ရက်က ဆက်လက်ကျင်းပရာ မြန်မာပြေးခုန်ပစ် အဖွဲ့  ကြေးတံဆိပ်တစ်ခု ထပ်မံရရှိခဲ့သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့ အတွက် ကြေးတံဆိပ်ဆုကို အမျိုးသား မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် သန်းထိုက်စိုးက ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမား ရီကီက ၃၁ မိနစ် ၀၈ ဒသမ ၈၅၀ စက္ကန့်ဖြင့် ရွှေတံဆိပ်၊ စင်ကာပူကစားသမား ရူအီယန်းက ၃၁ မိနစ် ၁၀ ဒသမ ၇၀၀ စက္ကန့်ဖြင့် ငွေတံဆိပ်၊ သန်းထိုက်စိုးက ၃၁ မိနစ် ၂၅ ဒသမ ၅၅၀ စက္ကန့်ဖြင့် ကြေးတံဆိပ်ရရှိခဲ့သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့သည် မေ ၁၁ ရက်ပွဲစဉ်များအပြီးထိ ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။