ဆီးဂိမ်းဝူရှူးပြိုင်ပွဲတွင် စန္ဒီဦး ငွေတံဆိပ်တစ်ခု ဆွတ်ခူး

ဆီးဂိမ်းဝူရှူးပြိုင်ပွဲတွင် စန္ဒီဦး ငွေတံဆိပ်တစ်ခု ဆွတ်ခူး

ရန်ကုန်   မေ  ၁၁

ဆီးဂိမ်းဝူရှူးပြိုင်ပွဲ ဒုတိယနေ့ကို မေ ၁၁ ရက်က ဆက်လက် ကျင်းပရာ မြန်မာဝူရှူးအဖွဲ့ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူး ရရှိသည်။

မြန်မာဝူရှူးအဖွဲ့အတွက် ငွေတံဆိပ်ဆုကို အမျိုးသမီး ကျန့်စု (နှစ်ဖက်သွားဓား)နှင့် ချန်းစု (လှံရှည်) ပြိုင်ပွဲနှစ်ခုပေါင်းတွင် ရမှတ်စုစုပေါင်း ၁၉ ဒသမ ၀၈၆၀ မှတ်ဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး   ရွှေတံဆိပ်ဆုကို ဗီယက်နမ်ကစားသမား သွေဗီဒေါင်က ၁၉ ဒသမ ၂၂၉၀ မှတ်၊ ကြေးတံဆိပ်ဆုကို မလေးရှား ကစားသမား ပန်ပူရီက ၁၈ ဒသမ ၂၄၆၀ မှတ်ဖြင့်ရရှိခဲ့သည်။ စန္ဒီဦးသည် အမျိုးသမီး နှစ်ယောက်တွဲ အတိုက်အပြပြိုင်ပွဲတွင်လည်း အေးသစ္စာမြင့်နှင့်အတူ ငွေတံဆိပ် ရယူနိုင်ခဲ့သည်။

မြန်မာဝူရှူးအဖွဲ့သည်  မေ ၁၁ ရက် ပွဲစဉ်များအပြီးတွင် ငွေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် တစ်ခုရရှိထားသည်။ ဝူရှူးပြိုင်ပွဲ နောက်ဆုံးနေ့ကို မေ ၁၂ ရက်(ယနေ့) တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။