အလေးမအမျိုးသမီး ၄၅ ကီလိုတန်းတွင် ဇင်မေဦး ရွှေတံဆိပ်ဆုရရှိ

အလေးမအမျိုးသမီး ၄၅ ကီလိုတန်းတွင် ဇင်မေဦး ရွှေတံဆိပ်ဆုရရှိ

ဆီးဂိမ်းအလေးမပြိုင်ပွဲ ပထမနေ့ကို ယနေ့တွင်စတင်ကျင်းပရာ အမျိုးသမီး ၄၅ ကီလိုတန်းတွင် မြန်မာ့လက်ရွေးစင် အလေးမကစားသမား ဇင်မေဦး ရွှေတံဆိပ် ဆုရရှိခဲ့သည်။

အမျိုးသမီး ၄၅ ကီလိုတန်းတွင် ကစားသမားငါးဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ဇင်မေဦးက ရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ကိုလိုနီရာက ငွေတံဆိပ်၊ လာအိုကစားသမား ဖောင်ဆာခွန်က ကြေးတံဆိပ်ရရှိခဲ့သည်။ ပြိုင်ပွဲပထမနေ့တွင် ပြိုင်ပွဲအမျိုးအစားလေးမျိုးကျင်းပရာ မြန်မာအလေးမအဖွဲ့သည် အမျိုးသမီး ၄၅ ကီလိုတန်းတစ်ခုတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ ဆီးဂိမ်း အလေးမပြိုင်ပွဲကို မေ ၁၃ ရက်မှ ၁၆ ရက် အထိ ကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၁၄ ခုချီးမြှင့်သွားမည် ဖြစ်သည်။

ကိုညီလေး