မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်တို့၌ နှစ်ရှည်ပင်များ သုတေသနလုပ်ငန်း ဆောင်ရွက်ထားရှိုမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မော်လမြိုင်မြို့နှင့် မုဒုံမြို့နယ်တို့၌ နှစ်ရှည်ပင်များ သုတေသနလုပ်ငန်း ဆောင်ရွက်ထားရှိုမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ - ၁၄

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဦးစီးဌာန (ဖားအောက်)သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နှစ်ရှည်သီးနှ့များ သုတေသန လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုဒုံမြို့နယ်၊ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ဂျုံးဂျုံးကျစိုက်ကွက်)နှင့် ဆီအုန်းသုတေသနလုပ်ငန်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။