ရခိုင်ပြည်နယ် သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူ ငွေလှူဒါန်း

ရခိုင်ပြည်နယ် သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူ ငွေလှူဒါန်း

နေပြည်တော်၊ မေ - ၁၅

        ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါ စရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးက ရခိုင်ပြည်နယ်မှ သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေကျပ် သိန်း ၁၀၀၀ ကို လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျေးဇူးတင် စကားများ ပြန်လည် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။