(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုကြိုဆို

 (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ဂုဏ်ပြုကြိုဆို

ရန်ကုန်   မေ  ၁၅

    ကမ္ဘောဒီးယားနိုင်ငံတွင် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည်  မေ ၁၄ ရက် နံနက် ၁၀ နာရီခွဲတွင်  ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်  ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန  အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂုဏ်ပြုကြိုဆိုကြသည်။

အဆိုပါ မြန်မာဝူရှူးအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင် စန္ဒီဦး၊ ငွေတံဆိပ် သုံးဆု၊ ကြေးတံဆိပ် သုံးဆုရရှိသည့်  အားကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ စုစုပေါင်း ၂၀ ဦး ပြန်လည် လိုက်ပါလာကြသည်။

ထို့ပြင် ပြေးခုန်ပစ် အားကစားနည်း မီတာ ၁၀၀၀၀ အမျိုးသားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆု ရရှိခဲ့သည့် သန်းထိုက်စိုးနှင့်အတူ ပြေးခုန်ပစ် အားကစားသမား ကိုးဦး၊ ပီတန်း အားကစားသမား  ခြောက်ဦး၊ တင်းနစ် အားကစားသမား ကိုးဦးတို့သည် ည ၇ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌    ကြိုဆိုနှုတ်ဆက်ကြသည်။