ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း အောင် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ - ၁၆

          ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် မိုင်းပန်မြို့ရှိ နယ်မြေခံ တပ်ရင်းများ၏ စိုက်ပျိုး၊ မွေးမြူရေးခြံများအတွင်း ရာသီသီးနှံများ စိုက်ပျိုး ထားရှိမှု၊ ဥစားကြက်၊ အသားတိုးကြက်၊ ဝက်မွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်း များရာနှုန်းပြည့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။